Onepay business ကို ဖန်တီးရာတွင် သင့်အတွက် မှတ်ယူဖန်တီးခဲ့ပါသည်။ 

icon_mobile.svg

သင်လိုအပ်သမျှကို တစ်နေရာတည်း ဆောင်ရွက်နိုင်သည်။

icon_shield.svg

လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူကာ ယုံကြည်စိတ်ချရသည်။

icon_diagram.svg

အချိန် နှင့် ငွေကုန် သက်သာစေပြီး ပိုမိုထိရောက်သည်။

icon_bell.svg

သင်၏ စီးပွားရေးလုပ်ငန်းကို အချိန်နှင့်အမျှ notification များ နှင့် order history များမှတဆင့် လိုက်လံစစ်ဆေးနိုင်သည်။

icon_calendar_checked.svg

Onepay business ကိုအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ငွေပေးချေမှုများကို ဆောလျင်စွာဆောင်ရွက်နိုင်သကဲ့သို့ ငွေလက်ခံမှုကိုလည်း ပိုမိုလွယ်ကူစေသည်။

icon_wallet.svg

ကမ္ဘာနှင့်အဝှမ်း ငွေသားကိုင်ဆောင်ရန်မလိုသည့် ပေးချေမှုများအဖြစ် ပြောင်းနေသည့်အလျောက် ပြိုင်ဆိုင်မှုများတွင် ရှေ့ကရောက်နေရန်လည်း လိုအပ်သည်။

icon_thumbs_up.svg

Onepay က ထိုသို့ရောက်နိုင်ရန် လွယ်ကူရိုးရှင်းသည့် အဆင့်များနှင့် ကူညီနိုင်ပါသည်။

icon_app.svg

App တစ်ခုသာ လိုသည်။


Onepay ကုန်သည်များ ဈေးကွက်ချဲ့ထွင်နိုင်ရေး အားပေးမှု

icon_computer.svg

Onepay platform များပေါ်မှ ဈေးကွက်ချဲ့ထွင်နိုင်ရေး အားပေးမှုများ

icon_speaker.svg

အတူလက်တွဲဆာင်ရွက်သည့် ကမ်ပိန်းအမျိုးမျိုးဖြင့်  ဆိုင်များ၊ ကုန်သည်များ၏ မြင်သာမှုတိုးမြင့်စေခြင်း။

icon_business_chart.svg

စီးပွားရေးလုပ်ငန်းများ လက်တွဲဆောင်ရွက်ရာတွင် အကောင်းမွန်ဆုံးအကြံဉာဏ်များ ပေးခြင်း။

Viber

Customer များထံ သင့်လုပ်ငန်းနဲ့ အံဝင်ခွင်ဖြစ်တဲ့ ကြော်ငြာစာများကို Viber မှတဆင့် ပေးပို့နိုင်ပါတယ်။ Customer ရရှိရန် အချိန်ကောင်းမှာ အကောင်ဆုံး ကြော်ငြာစာများပေးပို့နိုင်ပါပြီ။

onepay_viber.jpg

Onepay ကုန်သည်များ ဈေးကွက်ချဲ့ထွင်နိုင်ရေး အားပေးမှု

Onepay Merchant များအားလုံးအတွက် customer များပိုမိုရရှိစေရန် ကောင်းမွန်သော ထောက်ပံ့မှုများ အပြည့်အဝ ပေးသွားမှာဖြစ်ပါတယ်။

slide_01.jpg

App အတွင်း banner ကြော်ငြာ နှင့် notification များ

Merchant များအတွက် Onepay အက်ပ်မှ တဆင့်လည်းကြော်ငြာစာတိုများ ပေးပို့ပေးသွားမှာဖြစ်ပြီး promotion အသစ်များအကြောင်းလည်း customer များထံ ပေးပို့သွားနိုင်မှာဖြစ်ပါတယ်။အက်ပ်ထဲတွင်လည်း promotion ကြော်ငြာစာတန်းများ ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

push_noti_img_new.jpg

လူမှုကွန်ယက် ချန်နယ်လ်များ

လူမှုကွန်ရက်စာမျက်နှာများ မှတဆင့်လည်း Merchant များကို Customer များရှေ့အရောက်ပို့ပေးပြီး လူပိုသိ အောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

banner_social.png


Onepay business ၏ အကျိုးကျေးဇူးများ

Onepay နှင့်ဆိုလျှင် စီးပွားရေးလုပ်ငန်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

ကျွနု်ပ်တို့သည် ဤ Onepay business ကို သင့်အတွက် မှတ်ယူကာ ဖန်တီးခဲ့ရာတွင် သင်လိုအပ်သမျှအားလုံးကို ဖြည့်ဆည်းပေးလိုဆန္ဒရှိခဲ့ပါသည်။ မြန်မာပြည်တွင်းတွင် အလားအလာကောင်းမွန်ပြီး တိုးတက်နိုင်သည့် အခွင့်အလမ်းများစွာ ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မိမိအတွက် သီးသန့်ဝန်ဆောင်မှုသဖွယ် ခံစားရရှိနိုင်စေရန် ၂၄နာရီပတ်လုံး ဝန်ဆောင်မှုပေးသည့် hotline လည်း ထားရှိထားသည်။

Onepay business ၏ အဓိက အကျိုးကျေးဇူးများတွင် ဤအရာများပါဝင်သည်။

01_star.svg

အပြိုင်အဆိုင်များသော MDR rate များအပေါ်မှ အကျိုးရယူနိုင်သည်။

02_shop.svg

ကျွနု်ပ်တို့တွင် online merchant ၄၀၀ ကျော်နှင့် Offline merchant ၄၀၀၀ ကျော် ရှိသည့်အတွက် app တစ်ခုတည်းဖြင့် အေးဂျင့်၊ ဈေးရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသူ ဖြစ်နိုင်ပါသည်။

03_ic_payment.svg

လုံခြုံစိတ်ချရသည့် T+1 ငွေပေးချေမှု ပြီးမြောက်ခြင်းစနစ်

04_qr-code.svg

POS များအစား “Scan & Pay QR’ system ကို အခမဲ့ အသုံးပြုနိုင်ပါသည်။

05_bill.svg

ငွေသွင်း/ထုတ် အေးဂျင့်အဖြစ်ဖြင့် ကော်မရှင်များ ခံစားနိုင်သည်။

06_discount.svg

App မှ တဆင့် စားသုံးသူများကို ဒစ်စကောင့်များ ပေးနိုင်သည်။

07_ic_notifications.svg

လုပ်ငန်းဆောင်ရွက်မှုများအတွက် အချိန်နှင့်တပြေးညီ notification များရရှိပြီး history စစ်ဆေးနိုင်သည်။

08_bank.svg

Business ဘဏ်အကောင့်ထဲသို့/မှ ကလစ်တစ်ချက်နှိပ်ရုံဖြင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်သည်။

09_clipboard-list-solid.svg

တစ်ခါ လုပ်ငန်းဆောင်ရွက်လျှင် မြန်မာကျပ်ငွေ သိန်း ၅၀ အထိ ဆောင်ရွက်နိုင်သည်။

10_ic_account_balance_wallet.svg

Wallet ထဲတွင် အများဆုံး မြန်မာကျပ်ငွေ သိန်း ၃၀၀ အထိ သိမ်းနိုင်သည်။

11_ic_business_center.svg

Business အတွက် ဝန်ဆောင်မှုများကို အလွယ်တကူ ထည့်နိုင်၊ ထုတ်နိုင်သည်။

12_noun_hexagon.svg

API integration, technology အတွက် နည်းပညာထောက်ပံ့မှု ရှိသည်။

 

 

*offline merchant များအတွက်သာ အကျုံးဝင်သည်။

အသုံးပြုရန် အလွန်လွယ်ကူသည့်အပြင် တောင်းဆိုချက်ပေါ်မူတည်၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် report များ ရယူနိုင်သည်။

Onepay Business နှင့် ပတ်သက်၍ မေးလေ့ရှိသော မေးခွန်းများ

ဘယ်လိုလုပ်ရမလဲ။

  • Merchant ဖြစ်ရန်
  • be_merchant_01.jpg
    Step 1 / 6
    QR Code ကို Scan ဖတ်ပြီး Onepay business ကို အခမဲ့ရယူနိုင်သလို၊ website ကနေလည်း business form ကိုဖြည့်ကာ ရယူနိုင်ပါတယ်။
    be_merchant_02.jpg
    Step 2 / 6
    ‘Be a Partner’ ကိုနှိပ်ကာ အကောင့်ဖွင့်ပါ။
    be_merchant_03.jpg
    Step 3 / 6
    Business registration form မှာ အသေးစိတ်အချက်လက်များဖြည့်ပါ။
    be_merchant_04.jpg
    Step 4 / 6
    ဖြည့်စွက်ခြင်းအောင်မြင်ပါပြီ။ အလုပ်ဖွင့်ရက် ၃ရက်အတွင်း Onepay agent မှသင့်ကို ဆက်သွယ်ပါလိမ့်မယ်။
    be_merchant_05.jpg
    Step 5 / 6
    Business app သို့ Log in ဝင်ရန် သင့်ဖုန်းထဲသို့OTP ကို notification ရရှိပါလိမ့်မယ်။
    be_merchant_06.jpg
    Step 6 / 6
    Account ဖွင့်ခြင်းအောင်မြင်ပါပြီ။ သင့် customer များထံ QR Code ကို share ပြီး အလွယ်တကူ ငွေလက်ခံနိုင်ပါပြီ။
  • ငွေဖြည့်ရန်
  • add_money_01.jpg
    Step 1 / 7
    Onepay business account သို့ ငွေဖြည့်ရန် ‘Add Funds’ ကို ထိပါ။
    add_money_02.jpg
    Step 2 / 7
    AGD Bank corporate account နှင့်ချိတ်ဆက်ရန် ‘add bank account’ ကိုရွေးပါ။
    add_money_03.jpg
    Step 3 / 7
    အသေးစိတ်ဖြည့်စွက်ပြီး ‘Next’ ကိုထိပါ။
    add_money_04.jpg
    Step 4 / 7
    Phone number verification ပြုလုပ်ပါ။
    add_money_05.jpg
    Step 5 / 7
    အသစ်ချိတ်ထားသော Bank account ကိုရွေးပါ။
    add_money_06.jpg
    Step 6 / 7
    Onepay business account ထဲသို့ထည့်သွင်းလိုသော ငွေပမာဏကိုရွေးပါ။
    add_money_07.jpg
    Step 7 / 7
    ငွေဖြည့်ခြင်း လုပ်ငန်းစဉ် အောင်မြင်ပါပြီ။
  • Be a Cash In Agent
  • be_case_in_agent_01.jpg
    Step 1 / 4
    ‘Cash In’ feature ကိုအသုံးပြုရန်၊ Cash in agent အဖြစ် register ပြုလုပ်ပြီး ကော်မရှင်ရယူနိုင်ပါတယ်။
    be_case_in_agent_02.jpg
    Step 2 / 4
    Customer ရဲ့ Onepay phone number (သို့) QR ကို scan ဖတ်ပါ။ customer ပေးသော cash in amount ကို ဖြည့်သွင်းပြီး ‘proceed’ ကိုထိကာ ရှေ့ဆက်လုပ်ဆောင်ပါ။
    be_case_in_agent_03.jpg
    Step 3 / 4
    Customer ရဲ့ Onepay account ထဲကို အောင်မြင်စွာနဲ့ငွေဖြည့်သွင်းပြီးပါပြီ။
    be_case_in_agent_04.jpg
    Step 4 / 4
    Top up လုပ်ပေးလိုက်တဲ့ ငွေပမာဏကို သင့်ရဲ့ Onepay business account ကနေ နှုတ်ယူလိုက်ပြီးဖြစ်ပါတယ်။
  • Be a Cash Out Agent
  • be_case_out_agent_01.png
    Step 1 / 5
    ‘Cash Out’ feature ကိုအသုံးပြုရန်၊ Cash out agent အဖြစ် register ပြုလုပ်ပြီး ကော်မရှင်ရယူနိုင်ပါတယ်။
    be_case_out_agent_02.png
    Step 2 / 5
    Customer ရဲ့ Onepay phone number (သို့) QR ကို scan ဖတ်ပါ။ customer တောင်းဆိုသော cash out amount ကို ဖြည့်သွင်းပြီး ‘proceed’ ကိုထိကာ customer ထံသို့ OTP ပို့ပါ။
    be_case_out_agent_03.png
    Step 3 / 5
    Customer မှပေးသော OTP ကိုထည့်သွင်းကာ ‘Confirm’ ထိပါ။
    be_case_out_agent_04.png
    Step 4 / 5
    သင့် customer အတွက် အောင်မြင်စွာနဲ့ငွေထုတ်ပေးပြီးဖြစ်ပါတယ်။
    be_case_out_agent_05.jpg
    Step 5 / 5
    Customer ရဲ့ ထုတ်ငွေပမာဏကို သင့် Onepay business account အတွင်းသို့ ပြန်လည်ထည့်သွင်းပြီးဖြစ်ပါတယ်။


    General

    Onepay Business အကောင့် ဘယ်လိုဖွင့်ရမလဲ?

    Answer

    Onepay Business app ကို App Store/ Google Play Store မှ အခမဲ့ ဒေါင်းလုတ်လုပ်ပါ။ ထို့နောက် မိမိကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီး အွန်လိုင်းကနေ လွယ်လွယ်ကူကူ အကောင့်ဖွင့်လို့ရပါတယ်။ အခက်အခဲတစ်စုံတစ်ရာရှိပါက Onepay Call Center – 09688 383838 ကို ဆက်သွယ်နိုင်တဲ့အပြင် နီးစပ်ရာ AGD ဘဏ်ခွဲများတွင် အကူအညီရယူနိုင်ပါတယ်။

    Onepay ကုန်သည်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?

    Answer

    Onepay ကုန်သည်တစ်ယောက်အဖြစ် မှတ်ပုံတင်ရန် 09-6883 83838 (သို့) contact@onepay.com.mm သို့ ဆက်သွယ်ပါ။

    Onepay Wallet က လုံခြုံစိတ်ချရလား?

    Answer

    လုံခြုံစိတ်ချရပါတယ်။ Onepay ကို ဖုန်းတစ်လုံးမှာပဲ login ဝင်ထားလို့ရပါတယ်။ နောက်တစ်ကြိမ် ပြန်ဝင်တဲ့အခါတိုင်း OTP code ပြန်ရိုက်ပေးရပါတယ်။ ထို့အပြင် app ကို အသုံးပြုပြီး ငွေချေခြင်း၊ ငွေလွှဲခြင်းများကို အတည်ပြုလုပ်ဆောင်ဖို့ မိမိကိုယ်ပိုင် passcode (သို့) လက်ဗွေ (သို့) Face ID လိုအပ်ပါတယ်။

    Onepay ကို ဘယ်ဘာသာစကားတွေနဲ့ သုံးလို့ရပါသလဲ။

    Answer

    လက်ရှိအချိန်တွင် Onepay ကို English ဘာသာနှင့် မြန်မာဘာသာ (ဇော်ဂျီ) ဖြင့် အသုံးပြုနိုင်ပါသည်။ မကြာမီအချိန်တွင် ယူနီကုတ်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပါသည်။ 

    Onepay အကောင့်ရဲ့ လျှို့ဝှက်နံပါတ်ကို မေ့သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

    Answer

    လျှို့ဝှက်နံပါတ် မေ့သွားရင် Forgot Password ကို နှိပ်ပြီး မိမိဖုန်းထံပေးပို့မယ့် တစ်ခါသုံးကုဒ်ကို ရယူနိုင်ပါတယ်။ ထိုတစ်ခါသုံးကုဒ်ကို ဖြည့်စွက်ပြီး လျှို့ဝှက်နံပါတ်အသစ်ကို ပြန်လည်ပြုလုပ်နိုင်ပါတယ်။

    Onepay အကောင့်ရဲ့ Passcode ကို မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ?

    Answer

    Passcode မေ့သွားရင် Forgot Passcode ကို နှိပ်ပြီး မိမိရဲ့ လျှို့ဝှက်နံပါတ်ဖြည့်ပြီး Passcode အသစ်ပြုလုပ်နိုင်ပါတယ်။

    Onepay business app ကို AGD Bank account မဟုတ်ဘဲ တစ်ခြားဘဏ်အကောင့်နဲ့ ချိတ်လို့ရလား?

    Answer

    ပိုမိုအဆင်ပြေလုံခြုံစေရန်အတွက် Onepay business app ကို AGD Bank corporate account နဲ့သာ ချိတ်ဆက်ပေးထားပါတယ်။

    Onepay business app မှတစ်ဆင့် ဘဏ်အကောင့်ကို ငွေပြန်လွှဲရင် ချက်ချင်းရောက်လား?

    Answer

    ရုံးဖွင့်ရက်တစ်ရက်အတွင်း ငွေလွှဲရောက်ရှိမှာဖြစ်ပါတယ်။

    Onepay business app ကနေ တစ်ခြားဘဏ်တွေကို ငွေပြန်လွှဲလို့ရလား?

    Answer

    လောလောဆယ်မှာ ယခု feature ကိုမရှိသေးသော်လည်း ၎င်းဝန်ဆောင်မှုရရှိနိုင်ရန် ထပ်မံတိုးချဲ့သွားဖို့ လုပ်ဆောင်နေပါတယ်။

    MDR rate က merchant ဆီကပဲကောက်တာလား? User ဆီကရော ကောက်လို့ရလား?

    Answer

     

    ကောက်လို့ရပါတယ်။

    MDR rate ကို ညှိနှိုင်းလို့ရလား?

    Answer

    ရပါတယ်။

    Onepay ကို နယ်တွေမှာရော သုံးလို့ရနေပြီလား?

    Answer

    မြန်မာနိုင်ငံတစ်ဝန်းလုံး သုံးလို့ရနေပါပြီ။

    Error တစ်ခုဖြစ်လို့ ရှင်းပေးရင် အချိန်ဘယ်လောက်ကြာလဲ?

    Answer

    Error ပေါ်မူတည်ပြီး Onepay support team မှ ချက်ချင်း (သို့) အများဆုံး ၂ရက်အတွင်း ဖြေရှင်းပေးပါတယ်။

     

    Merchant

    Online merchant ဆိုတာဘာလဲ?

    Answer

    Customer များထံမှ ငွေပေးချေမှုများကို Onepay app ရှိ feature များမှတစ်ဆင့် (သို့) ကုန်သည်ဘက်မှ website မှတစ်ဆင့် online တွင် လက်ခံနိုင်သော merchant အမျိုးအစားပါ။

    ကုန်သည်ဘက်က website မှာရော payment ဘယ်လိုချိတ်ရမလဲ?

    Answer

    Onepay Customer Service မှတစ်ဆင့် Online Merchant team နဲ့ ဆက်သွယ်ပြီး ချိတ်ဆက်လို့ရပါတယ်။
    Onepay Customer Service နံပါတ်ဖြစ်တဲ့ 09-6883 83838 ကို တိုက်ရိုက်ဖုန်းခေါ်ဆိုဆက်သွယ်နိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေပေးဆောင်ရပါမယ်။

    Onepay မှာ user ဘယ်လောက်ရှိ နေပြီလဲ?

    Answer

    2020 နှစ်ကုန်ထိ အသုံးပြုသူပေါင်း 400,000 ဝန်းကျင် ရှိပါတယ်။

    Onepay နဲ့ promotion တွေ ဘယ်လိုလုပ်လို့ရလဲ?

    Answer

    Onepay နဲ့အတူ ရှက်တို/ရက်ရှည် promotion၊ ရာသီအလိုက် promotion၊ အထူး promotion စသည်ဖြင့် လက်တွဲလုပ်ဆောင်နိုင်ပါတယ်။ အသေးစိတ်ကို  Key Account Manager သို့ Onepay Customer Service မှတစ်ဆင့်09-6883 83838 ကို တိုက်ရိုက်ဖုန်းခေါ်ဆိုဆက်သွယ်နိုင်သလို hello@onepay.com.mm သို့လည်း အီးမေးလ်ပေးပို့မေးမြန်းနိုင်ပါတယ်။

    ဆိုင်ခွဲအားလုံးကို QR အတူတူ ထားလို့ရမလား?

    Answer

    မရပါ၊ မတူညီသော ဆိုင်ခွဲများအတွက် မတူညီသော QR Code များထားရှိရမှာဖြစ်ပါတယ်။

    Onepay business app က နေ Scan & Pay မဟုတ်ဘဲ တစ်ခြား ဘာဝန်ဆောင်မှုတွေ လုပ်လို့ရလဲ?

    Answer

    Customer များအတွက် Onepay အကောင့်ကို ငွေသွင်းခြင်းနဲ့ Onepay အကောင့်မှ ငွေထုတ်ခြင်းများကို လုပ်လို့ရပါတယ်။

    Promotion တွေ Onepay ကနေတဆင့်လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲ?

    Answer

    Onepay အသုံးပြုသူများအတွက် စိတ်လှုပ်ရှားဖွယ် လျော့ဈေးများ၊ အထူးအစီစဉ်များကို သင်တို့နဲ့အတူ လုပ်ဆောင်ပေးရန် Onepay မှအမြဲ ကြိုဆိုလျက်ပါ။ အသေးစိတ်ကို hello@onepay.com.mm ကိုလည်း အီးမေးလ်ပို့ဆက်သွယ်တဲ့အခါ Onepay merchant team မှ ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

    Business Videos

    Onepay business အက်ပ်သို့ ငွေသွင်း၊ ငွေထုတ်ပြုလုပ်နည်း

    သင့်လုပ်ငန်းပိုမို အဆင်ပြေစေဖို့ Onepay Business အက်ပ်ကို အသုံးပြုပြီး နေ့စဉ်ငွေသွင်း၊ ငွေထုတ်ကိစ္စတွေလုပ်ဆောင်လိုက်ပါ။


    Onepay Business submission form

    Register form တင်ပြီး ကျွန်ုပ်တို့၏ Onepay agent မှ သင့်ကို အလုပ်ဖွင့်ရက် ၃ရက်အတွင်း ဆက်သွယ်ပါမည်။


     


    Merchants Highlight 

    logo01.png
    logo02.png
    logo03.png
    logo04.png
    logo06.png
    logo06.png
    logo07.png
    logo08.png
    logo09.png
    logo10.png
    logo11.jpg
    logo12.jpg