ဘဏ်ငွေလွှဲခြင်း
Onepay interbank feature အသစ်ဖြင့် သင်၏ e-wallet မှ အခြားပြည်တွင်းဘဏ် ၁၆ ခုသို့ ဘဏ်ခွဲများသို့ လူကိုယ်တိုင်သွားစရာမလိုပဲ ငွေလွှဲနိုင်သည်။
ငွေလွှဲနိုင်သော ပြည်တွင်းဘဏ် ၁၆ ခုမှာ

ဤ feature အသစ်ကို ၂၀၂၀ ဇွန်လတွင် စတင်ထည့်သွင်းခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး မိုဘိုင်းဖြင့် ဘဏ်များအကြား ငွေလွှဲနိုင်ခြင်း ဖြစ်သည်။
Onepay interbank ကို အလွယ်တကူ အသုံးပြုနိုင်သည်။
၁။ သင်ပြုလုပ်လိုသော ငွေလွှဲအမျိုးအစားကို ရွေးချယ်ပါ။
၂။ အချက်အလက်များ ဖြည့်သွင်းပါ။
၃။ စစ်ဆေးပြီး ငွေလွှဲခြင်းဆောင်ရွက်ရန် အတည်ပြုပါ။
ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချ၊ အဆင်ပြေချောမွေ့သည့် ငွေလွှဲခြင်းများကို ဆောင်ရွက်နိုင်ပါပြီ။
Covid-19 ကာလအတွင်း အချင်းချင်းထိတွေ့မှုများ လျှော့ချရန်အတွက် ရည်ရွယ်ပြီး ရိုးရှင်းပြီး လုံခြုံစိတ်ချ အဆင်ပြေစွာ ငွေလွှဲနိုင်ရန် ဤဝန်ဆောင်မှုကို စတင်ခဲ့သည်။
မမြင်ရသည့် ငွေကြေးကောက်ခံမှုများ၊ အပိုဆောင်းကောက်ခံမှုများ လုံးဝမရှိပါ။ ငွေလွှဲခြင်းနှင့်သက်ဆိုင်သမျှ ကျသင့်ငွေသည် သက်ဆိုင်ရာဘဏ်မှ ကောက်ခံသည့်နှုန်းထားအတိုင်းသာ ဖြစ်သည်။
Onepay wallet ထဲသို့ ငွေဖြည့်ပြီး ဘဏ်များအကြား ငွေလွှဲနိုင်သည်။ AGD ဘဏ်အကောင့်မှတဆင့်လည်း ငွေဖြည့်နိုင်သကဲ့သို့ MPU, Visa နှင့် Mastercard အသုံးပြုသည့် မည်သည့် e-commerce မဆိုမှတဆင့်လည်း ဖြည့်နိုင်သည်။ Onepay မှ ခန့်အပ်ထားသော တစ်နိုင်ငံလုံးရှိ အေးဂျင့်များမှတဆင့် သို့မဟုတ် 123 service များမှတဆင့်လည်း ငွေဖြည့်နိုင်သည်။
လုပ်ငန်းဆောင်ရွက်ရန် စတင်သည်နှင့် ငွေလွှဲနှုန်းများနှင့် ကျသင့်ငွေကို သင် အတည်မပြုမီ app မှ ပြသမည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှုသည် ရုံးဖွင့်ရက် ၂ရက်အထိ ကြာနိုင်သည်။
AGD ဘဏ်သည် Onepay ၏ တရားဝင် ဘဏ်စီးပွားဖက်ဖြစ်ပြီး ဘဏ်အချင်းချင်းကြား ငွေလွှဲခြင်းများကို တာဝန်ယူဆောင်ရွက်သည်။
Interbank ဝန်ဆောင်မှုကို စတင်သည့်အချိန်မှစပြီး တစ်လအတွင်း Onepay Interbank တွင် အသုံးပြုသူပေါင်း ၁၅၀၀၀၀ ခန့်ရှိပြီးဖြစ်တာကို သင်သိပါသလား။