Onepay အကြောင်း

Onepay  သည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် e-commerce platform  တွေ အသုံးပြုမှုများလာသည်နှင့်အမျှ e-wallet​​​​​​​ ငွေကြေးဝန်ဆောင်မှုများ၏ အနာဂတ်ကို ဖော်ဆောင်နေပါသည်။

အခိုက်အတန့်တိုင်းကို ထူးခြားလှပနေစေရန် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးထားသည့် လူနေမှုဘဝထဲက application တစ်ခုဖြစ်ပြီး… app တစ်ခုပဲလိုပါသည်။

Onepay - ငွေကြေးဆိုင်ရာဝန်ဆောင်မှုများတွင် အားလုံးပါဝင်နိုင်ရေးအတွက် ကြိုးစားလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ Financial inclusion  ကို တိုးမြှင့်သည့်နေရာမှာ အခက်အခဲများရှိသည်။

 ဘဏ်အကောင့်တစ်ခုဖွင့်ရန် လိုအပ်သော တရားဝင်နိုင်ငံသားကတ်ပင်မရှိသူလည်း အများအပြားပါ။ အထူးသဖြင့် ငွေသားကို လက်ဝယ်ထားရှိအသုံးပြုမှုများသည့် ကျေးလက်ဒေသတွေမှာ ပိုပြီးဖြစ်လေ့ရှိပါသည်။

သို့သော် စီးပွားရေးလုပ်ငန်းများ နှင့် လူထုကို ချိတ်ဆက်နိုင်ရန်မှာ အလွန်အရေးကြီးသည့်အတွက် Onepay app  ဖြစ်လာရခြင်း ဖြစ်ပါသည်။

Onepay​​​​​​​ ကို စမတ်ဖုန်း အသုံးပြုသူ မည်သူမဆို သုံးနိုင်ပြီး ထိုသို့သုံးနိုင်ဖို့ ဘဏ်အကောင့်ရှိရန်လည်း မလိုပါ။ Onepay app နှင့်ဆို ဖုန်းမှတဆင့် ငွေပေးချေမှုများကို တိုက်ရိုက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ လိုအပ်တာ စမတ်ဖုန်း တစ်လုံး နဲ့ ဖုန်းဆင်းကတ် တစ်ခုသာ ဖြစ်သည်။

ကျွနု်ပ်တို့အကြောင်း

Onepay ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ယနေ့မှာတော့ မိတ်ဆွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ ဝန်ဆောင်မှုများကို တိုးချဲ့လျက်ရှိပါသည်။ 

မြန်မာနိုင်ငံလူထုအတွက် digital ငွေပေးချေမှုများအတွက် fintech solution တစ်ခုဖော်ဆောင်ရန်အတွက် Onepay ကို စတင်ခဲ့ပါသည်။ 

iOS ရော၊ Android မှာပါ ရရှိနိုင်ပြီး လွယ်ကူစွာထည့်သွင်း အသုံးပြုနိုင်သည့် mobile application တစ်ခု ဆောင်ယူလာနိုင်ဖို့ ဆန္ဒရှိခဲ့ပါသည်။ 

နောက်ဆုံးပေါ် Fintech solution – Onepay 

စတင်မိတ်ဆက်ပြီး ငါးလအတွင်းမှာပင် wallet အခြေခံ၊ ငွေပေးချေမှုစွမ်းဆောင်ရည်တွေမြှင့်တင်ထားသည့် Onepay app ကို သုံးစွဲသူပေါင်း ၁၅၀၀၀၀ ကျော်နှင့် app အတွင်း လုပ်ငန်းဆောင်ရွက်မှုပေါင်း  ၁သန်းခန့်ရှိခဲ့ပါသည်။ 

App ကို သုံးစွဲသူ၏ သဘောဆန္ဒကို အလိုအလျောက်သိသည့် user interface, user experience တို့ဖြင့် တည်ဆောက်ထားသည့်အပြင် နောက်ဆုံးပေါ် ငွေကြေးဆိုင်ရာနည်းပညာများနှင့် digital banking စနစ်များကို အသုံးပြုထားသည့်အတွက် မြန်မာနိုင်ငံလူထုအတွက် အလွန်အရေးပါသော ငွေကြေးဆိုင်ရာဝန်ဆောင်မှု tool တစ်ခုဖြစ်သည်။